ကယားဝတ်စုံ

ကယားအမျိုးသားတွေက အဖြူရောင် ခေါင်းပေါင်း၊ အင်္ကျီနှင့် ရိုးရာတိုက်ပုံ၊ ခြေမျက်စိအထိရှည်တဲ့ ရိုးရာ ဘောင်းဘီတွေ ၀တ်ဆင်ကြပါတယ်။ ငွေဒါးကိုတော့ ရိုးရာပွဲတွေရှိရင် သယ်ဆောင်ကြပါတယ်။

ရှေးကယား အမျိုးသမီးတွေကတော့ ဆံပင်ကို အနီရောင် ခေါင်းစည်းနဲ့ ပေါင်းထားတက်ကြပါတယ်။ သူတို့ရဲ့ အင်္ကျီလက်ပြတ်က အများအားဖြင့် အနက်ရောင်နဲ့ လက်တစ်ဘက်ပဲဖုံးထားပါတယ်။ အဲ့ဒီအပေါ်မှာတော့ ခြုံထည်တစ်ခု စည်းဝတ်ထားကြပါတယ်။ သူတို့တွေရဲ့ အဓိက အရောင်ဖြစ်တဲ့ အနီနဲ့ အနက်ရောင် လုံချည်တွေကို အဓိက ၀တ်ဆင်ကြပါတယ်။

1 comments:

  1. Tawthikho said...

    ကယားဝတ်စုံကို အင်တာနက်ပေါ်တင်ပေးတဲ့အခါကျရင်
    ဖြစ်နိုင်ရင်အနီရောင် (အမျိုးသမီး)နဲ့တင်ပေးစေချင်ပါ တယ်၊