မြကလပ်တောင်မှ မြင်ရပုံ
သီရိမင်္ဂလာတောင်တော် မှ မြင်ရသောပုံ
သီရိမင်္ဂလာတောင်တော်မှ မြင်ရသောပုံတည်ဆောက်ဆဲ ကွန်ပျူတာ တက္ကသိုလ် လွိုင်ကော်

ကန္ဒာဟေ၀န်ပန်းဥယျာဉ်
မြို့လည် နာရီစင်
ဆုတောင်းပြည့် မြို့နာမ်စေတီတော်
လေယာဉ်ကွင်းဘက်သွားရာလမ်း
လွိုင်ကော်မြို့ထဲ တစ်နေရာ
ပညာ့အလင်းစာကြည့်တိုက်
ကန္ဒာရ၀တီတံတား
ဘီလူးချောင်း
စီးလာနေတဲ့ ဘီလူးချောင်း
စီးဆင်းသွားနေတဲ့ ဘီလူးချောင်း
မြို့လည် တစ်နေရာ
သီရိမင်္ဂလာတောင်တော်

ဇိနောဇယ ရန်အေးငြိမ်း အောင်တော်မူဘုရားကြီးက သီရိမင်္ဂလာတောင်တော်ရဲ့ အနီးမှာ ရှိတဲ့ လျှောင်းတော်မူ ဘုရားကြီးပဲ ဖြစ်ပါတယ်။

သက်ရှိထင်ရှား ဘုရားရှင်ကို ဖူးမျှော်ရသလိုပဲ လက်ရာ အလွန်ကောင်းပါတယ်။
ခြေဖ၀ါးတော်မှ ဖူးတွေ့ရပုံ
အနောက်ကြောဘက်မှ
ဦးခေါင်းရင်းတော်နားမှ ဇိနောဇယ ရန်အေးငြိမ်း အောင်တော်မူဘုရားကြီး
လွိုင်ကော်ကို ရောက်ဖြစ်ရင် သွားရောက်ဖူးမျှော်နိုင်ဖို့ လမ်းညွှန်ပါတယ်။ မသွားဖြစ်ပါကလဲ အဝေးကနေ ဖူးမျှော်ခွင့်ရအောင် အခု လွိုင်ကော်မြို့ - ကန္ဒာရ၀တီ Blog မှ ပို့ဆောင်ပေးလိုက်ပါတယ်။

လွိုင်ကော်မြို့မှာ နာမည်ကြီးတဲ့ ဘုရား စေတီတွေ အများအပြားရှိပါတယ်။

အဲ့ဒီထင်ရှားတဲ့ စေတီတွေ ထဲမှာ အခုဖော်ပြတဲ့ နေစက်လစက် စေတီတော်လဲ ပါပါတယ်။ လွိုင်ကော်ကို ရောက်တာနဲ့ မသွားမဖြစ်သွားကြတဲ့ စေတီတစ်ဆူပါပဲ။ စေတီက တောင်ကုန်းပြေပြေလေးပေါ်မှာ တည်ထားတာပါ။
ဘုရားအ၀င်အပေါက်မှ တွေ့ရတဲ့ မြင်ကွင်းဖြစ်ပါတယ်။
ဆောင်းတန်းတစ်ခုပါ။
ရင်ပြင်တော်ပေါ်မှ မြင်ရတဲ့ စေတီတော်

ကယားပြည်မှာ တစ်ခုထူးခြားတာက တောင်ကုန်းမြင့်မြင့်လေးတွေတိုင်းရဲ့ ထိပ်မှာ စေတီတွေကို ရအောင် တည်ထားတာပဲဖြစ်ပါတယ်။ တောင်ကုန်းတွေကလဲ များသောအားဖြင့် ကျောက်တောင်ကုန်းတွေ ဖြစ်တက်ပါတယ်။ အဲ့ဒီတောင်ကုန်းတွေက အမြင့်ကြီး၊ အကြီးကြီးလဲ မဟုတ်ပေမဲ့ စေတီတော်တွေ ရအောင် တည်ထားတာ တွေ့ရပါတယ်။

ကယားပြည်နယ်

ကယားပြည်နယ်က ရှမ်းပြည်ရဲ့ တောင်ဘက်မှာတည်ရှိပါတယ်။ အရှေ့ဘက်မှာ ထိုင်းနိုင်ငံ၊ တောင်ဘက်မှာ ကရင်ပြည်နယ်တို့ ရှိပါတယ်။ ဧရိယာ စတုရန်းမိုင်ပေါင်း ၄၅၃၀ရှိပါတယ်။ လူဦးရေ ၂၅၉၀၀၀ယောက်ရှိပြီး၊ တစ်မိုင်ကို လူ၅၃ယောက်နှုန်း နေထိုင်ကြပါတယ်။ လွိုင်ကော်နဲ့ ဒီမောဆိုးမြို့တွေကတော့ မြေပြန့်ဖြစ်လို့ လူဦးရေ ၁၀၀ ကျော်နှုန်းရှိပါတယ်။


ကယန်း(ပဒေါင်)
ကယားလူမျိုး၊ ကယန်း(ပဒေါင်)လူမျိုး၊ Paye၊ ယင်းကလယ်၊ Paki ကရင်လူမျိုးတွေ အများဆုံး နေထိုင်ကြ ပါတယ်။ Manumanao, Gaykho နဲ့ Gaybar လူမျိုးစုတွေလဲ ရှိပါတယ်။ နောက်ပြီး ရှမ်း၊ အင်းသား နဲ့ ဗမာလူမျိုးတွေလဲ ဘီလူးခေါင်းတစ်လျှောက်နဲ့ မြောက်ဘက်ပိုင်းတွေမှာ နေထိုင်ကြပါတယ်။ ပအိုဝ်းလူမျိုးတွေလဲ တောင်တန်းဒေသတွေမှာ တွေ့ရပါတယ်။

အင်းသား
လူဦးရေ ၅၀% ကျော်ကတော့ ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး၊ ၄၃%က ခရစ်ယန်နဲ့ ၆%ကတော့ နတ်ကိုးကွယ်ကြ ပါတယ်။

ကယား၊ ကယန်း၊ ရှမ်းနဲ့ ဗမာစကား အများဆုံး ပြောဆိုသုံးနှုန်းကြပါတယ်။