Showing posts with label အထွေထွေ. Show all posts
Showing posts with label အထွေထွေ. Show all posts
ကယားပြည်နယ်က ရှမ်းပြည်ရဲ့ တောင်ဘက်မှာတည်ရှိပါတယ်။ အရှေ့ဘက်မှာ ထိုင်းနိုင်ငံ၊ တောင်ဘက်မှာ ကရင်ပြည်နယ်တို့ ရှိပါတယ်။ ဧရိယာ စတုရန်းမိုင်ပေါင်း ၄၅၃၀ရှိပါတယ်။ လူဦးရေ ၂၅၉၀၀၀ယောက်ရှိပြီး၊ တစ်မိုင်ကို လူ၅၃ယောက်နှုန်း နေထိုင်ကြပါတယ်။ လွိုင်ကော်နဲ့ ဒီမောဆိုးမြို့တွေကတော့ မြေပြန့်ဖြစ်လို့ လူဦးရေ ၁၀၀ ကျော်နှုန်းရှိပါတယ်။

ကယန်း(ပဒေါင်)
ကယားလူမျိုး၊ ကယန်း(ပဒေါင်)လူမျိုး၊ Paye၊ ယင်းကလယ်၊ Paki ကရင်လူမျိုးတွေ အများဆုံး နေထိုင်ကြ ပါတယ်။ Manumanao, Gaykho နဲ့ Gaybar လူမျိုးစုတွေလဲ ရှိပါတယ်။ နောက်ပြီး ရှမ်း၊ အင်းသား နဲ့ ဗမာလူမျိုးတွေလဲ ဘီလူးခေါင်းတစ်လျှောက်နဲ့ မြောက်ဘက်ပိုင်းတွေမှာ နေထိုင်ကြပါတယ်။ ပအိုဝ်းလူမျိုးတွေလဲ တောင်တန်းဒေသတွေမှာ တွေ့ရပါတယ်။ကယား၊ ကယန်း၊ ရှမ်းနဲ့ ဗမာစကား အများဆုံး ပြောဆိုသုံးနှုန်းကြပါတယ်။
Labels: အထွေထွေ
Subscribe to:
Posts (Atom)
