Showing posts with label ဘုရားစေတီများ. Show all posts
Showing posts with label ဘုရားစေတီများ. Show all posts

ဇိနောဇယ ရန်အေးငြိမ်း အောင်တော်မူဘုရားကြီးက သီရိမင်္ဂလာတောင်တော်ရဲ့ အနီးမှာ ရှိတဲ့ လျှောင်းတော်မူ ဘုရားကြီးပဲ ဖြစ်ပါတယ်။

သက်ရှိထင်ရှား ဘုရားရှင်ကို ဖူးမျှော်ရသလိုပဲ လက်ရာ အလွန်ကောင်းပါတယ်။
ခြေဖ၀ါးတော်မှ ဖူးတွေ့ရပုံ
အနောက်ကြောဘက်မှ
ဦးခေါင်းရင်းတော်နားမှ ဇိနောဇယ ရန်အေးငြိမ်း အောင်တော်မူဘုရားကြီး
လွိုင်ကော်ကို ရောက်ဖြစ်ရင် သွားရောက်ဖူးမျှော်နိုင်ဖို့ လမ်းညွှန်ပါတယ်။ မသွားဖြစ်ပါကလဲ အဝေးကနေ ဖူးမျှော်ခွင့်ရအောင် အခု လွိုင်ကော်မြို့ - ကန္ဒာရ၀တီ Blog မှ ပို့ဆောင်ပေးလိုက်ပါတယ်။

လွိုင်ကော်မြို့မှာ နာမည်ကြီးတဲ့ ဘုရား စေတီတွေ အများအပြားရှိပါတယ်။

အဲ့ဒီထင်ရှားတဲ့ စေတီတွေ ထဲမှာ အခုဖော်ပြတဲ့ နေစက်လစက် စေတီတော်လဲ ပါပါတယ်။ လွိုင်ကော်ကို ရောက်တာနဲ့ မသွားမဖြစ်သွားကြတဲ့ စေတီတစ်ဆူပါပဲ။ စေတီက တောင်ကုန်းပြေပြေလေးပေါ်မှာ တည်ထားတာပါ။
ဘုရားအ၀င်အပေါက်မှ တွေ့ရတဲ့ မြင်ကွင်းဖြစ်ပါတယ်။
ဆောင်းတန်းတစ်ခုပါ။
ရင်ပြင်တော်ပေါ်မှ မြင်ရတဲ့ စေတီတော်

ကယားပြည်မှာ တစ်ခုထူးခြားတာက တောင်ကုန်းမြင့်မြင့်လေးတွေတိုင်းရဲ့ ထိပ်မှာ စေတီတွေကို ရအောင် တည်ထားတာပဲဖြစ်ပါတယ်။ တောင်ကုန်းတွေကလဲ များသောအားဖြင့် ကျောက်တောင်ကုန်းတွေ ဖြစ်တက်ပါတယ်။ အဲ့ဒီတောင်ကုန်းတွေက အမြင့်ကြီး၊ အကြီးကြီးလဲ မဟုတ်ပေမဲ့ စေတီတော်တွေ ရအောင် တည်ထားတာ တွေ့ရပါတယ်။